Kha Myi Gei
ဒီပန်းလေးကတော့ ကိုဟိန်းလတ်ဆီက ယူလာတာပါ။ ကျွန်တော်တို့ စကားနဲ့ကတော့ (ခါးမွေရေး) မြန်မာလို ဘာသာပြန် မယ်ဆိုရင် တော့ နှုတ်ခမ်းမွှေးပန်းပေါ့။ တချို့ကတော့ ရန်ကုန်ပန်းလို့ ခေါ်ကြပြီး တစ်ချို့ကျပြန်တော့လည်း နာရီပန်းလို့ ခေါ်ကြတယ်။
မြန်မာလို အဓိအကျ သိရင် comment မှာ ဖြစ်ဖြစ် ဆီဗုံးမှာ ဖြစ်ဖြစ် ထားပေးကြပါနော။ မလိမ်ကြေးနော။ တကယ်သိချင်လို့ပါ။ နာရီမပါဘဲ တောထဲရောက်ရင် ဒီပန်းကို ကြည့်လိုက်ပါ အခုပုံကလို နှုတ်ခမ်းမွှေးတွေ ကွေးထွက် လာပြီ ဆိုရင် ညနေ(၃)နာရီ ဝင်းကျင်ရှိမယ်။ ဒီပုံရိုက်တဲ့ချိန်က ညနေ ၃ နာရီဝန်းကျင်ရှိမယ်။ ကောင်းကောင်းပွင့်ရင်တော့ ၄း၃၀ (၅)နာရီလောက် ရှိမယ် အိမ်ပြန် လို့ရပြီ။ အိမ်ဝေးရင်တော့ စောစော ပြန်ပေါ့နော...ဟီး
နာရီမရှိတဲ့ တောရွာမှာ နေမမြင် ရရင် ဒီလိုမျိုးနာရီတွေ ပဲသုံးရတယ်။ နာရီမရှိဘူး ဆိုတာက ဈေးချိုတဲ့ နာရီ ဝယ်ရင် ခဏခဏ ရေဝင်တဲ့ပြဿ နာရယ် ရေမဝင်တဲ့ နာရီဝယ်မယ် ဆိုပြန်ရင်လည်း ဈေးကြီးတာရယ် အားလုံးပေါင်းလို့ပေါ့။ ဒီနှုတ်ခမ်းမွှေးပန်းက အဖြူရောင် လည်းရှိတယ်။ အခုကျနော် ရောက်တဲ့ ချောက်ထဲမှာတော့ ဘာအရောင်မှမရှိ သလို ဒီလိုပန်းမျိုးလည်း မတွေ့ရတော့ဘူး။
ဘာမှ မဟုတ်တဲ့ ငါ့ရဲ့စာတွေကို တန်ဖိုးရှိတဲ့ သင့်ရဲ့ ကိုယ်ပိုင် အချိန်တွေ ဖဲ့ပြီးလာရောက်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဇက်ဗီလင်းတန်း
Subscribe to:
Post Comments (Atom)

Posted by









0 comments:
Post a Comment