0

Gmail ရဲ့ Security Funtion အသစ်။


အကောင်းလိုက်တဲ့ Gmail Security funtion အသစ်။

ကျနော် အခု Gmail security function အသစ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။..
Gmail က အခု Security function အသစ်ကို ပြုလုပ်ပေးလိုက်ပါတယ်. ဒီဟာလေးကို ဘယ်လိုကောင်းလဲဆိုတော့
mobile နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတာပါ။ ကိုယ့်က ဒီ function ကို turn on လုပ်လိုက်ပြီးဆိုရင် 
Computer တခုကို ၀င်တာနဲ့ User name & password ထည့် မှန်ပြီးဆိုရင် ထက်ပြီးတော့ Mobile မှာ 
message နဲ့ number code တခုကိုပို့ပေးတယ်. ဒီအခါမှာ code number ကိုထည့်ပြီးတော့မှ ဘဲ 
e-mail ထဲကိုရောက်တယ်. ဒါဟာလဲ Gmail login လုပ်တိုင်းလိုလို number code ကိုပို့ပေးပြီးဖွင့်ရတယ်.
ဥပမာ- အကယ်၍ တနေ့မှာ Gmail ဆယ်ခါ login လုပ်တယ်.ပြီးတော့ sign out လုပ်တယ်ဆိုရင် 
ဆယ်ခါ Login လုပ်တိုင်း mobile ထဲကို number code ကိုပို့ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် user name &
password သိတာတောင်မှ mobile code မရှိရင် password သိတာတောင်မှ ဖွင့်လို့မရတဲ့ သဘောပါ။
ဒါပေမဲ့လဲ အမြဲတမ်း computer တခုထဲမှာ သုံးနေတဲ့ လူတွေအတွက်အဆင်ပြေအောင် 
mobile ထဲကိုပို့တဲ့ code ကိုတခါထည့်ပြီးရင် ရက်(၃၀)လောက် ထက်မထည့်ရအောင်လဲ လုပ်ပေးတဲ့ funtion လဲပါလာပါတယ်။ ဒါကတော့ Remember me 30 days in this computer ကိုအမှန်ခြစ်ပေးပါ။

ဆိုတော့ ဘယ်လို Turn On လုပ်မလဲဆိုတော့

Gmail ကိုဖွင့်ပါပြီးနောက်
အထက်ပါအတိုင်း account settings ကိုသွားပါ။
ပြီးနောက် အောက်ပါပုံအတိုင်း Using 2-step verification ကို Edit နှိပ်ပါ။



ပြီးနောက် Turn On ကိုနှိပ်ပါ။ ပြီးတဲ့အခါမှာ ကိုယ့်ရဲ့ Mobile no. ကိုတောင်းပါလိမ့်မယ်.
ကိုယ်နဲ့ အမြဲရှိနေတဲ့ Mobile နှိပ်ကိုပေးပါ Gmail ဖွင့်တိုင်းလိုလို လိုအပ်မှာ ဖြစ်လို့ပါ။
ပြီးနောက် ဒီ mobile ပျောက်ခဲ့ရင် ဆိုပြီးတော့ နောက်ထက် mobile no. တခုကို ထပ်တောင်းပါတယ်။
ရှိခဲ့ရင် ပေးလို့ရသလို့၊ မပေးလေးရပါတယ်။
ပြီးတဲ့ အခါမှာ Backup verification codes  ဆိုတာပေါ်လာပါလိမ့်မယ်။ ဒီ code ကိုတော့
အမြဲမလိုအပ်ပါဘူး။ ဒါပေမဲ့ အရမ်းအရေးကြီးတဲ့ code ဖြစ်တဲ့ အတွက် သေချာသိမ်းထားပါ။

ကယ်ဒီလောက်ဆိုရင်တော့ ပြီးပါပြီ ကိုယ့်ရဲ့ လှံခြုံလှတဲ့ Gmail Account ကြီးဖြစ်သွားပြီးပေါ့။
ဒါပေမဲ့လဲ sign out လုပ်ဖို့ တော့ မမေ့နဲ့ပေါ့။.......

အဆင်ပြေမှာပါ။။
ကျေးဇူးတင်ပါတယ်။
SBSangpi(စံပီး)

0 comments:

Post a Comment

Back to Top