Hacker ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတော့ပါဘူး။ Hacker လို့ပြောလိုက်ရင် ပြေးမြင်တာကတော့ လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားတဲ့ ကွန်ပျူတာ ကွန်ယက်တွေထဲကို ဖောက်ထွင်း ၀င်ရောက်၊ မွှေနှောက်နိုင်စွမ်းရှိသူတွေလို့ ကျွန်တော်တို့သိထားကြပါတယ်။ ဒီနေ့ အဲ့ဒီ Hacker ဆိုတဲ့ ဝေါဟရလေး အကြောင်း စိတ်ဝင်စားတာနဲ့ မွှေနှောက်ရှာရင်း Hacker အမျိုးအစားတွေနဲ့အတူ နာမည်ကြီး Hacker အကြောင်းကိုပါ ဖတ်မိပါတယ်။ ကျွန်တော့် အနေနဲ့ Hack လည်း မဟက်တတ်၊ Hacker လည်းမဟုတ်၊ ကွန်ပျူတာနဲ့ပတ်သတ်လို့ သြော်.. ဒါကြီးကို ကွန်ပျူတာလို့ခေါ်တာပါလားလေ ဆိုပြီးတော့လောက်သာ သိလေတော့ ကျွန်တော့်လိုပဲ Hacker တွေအကြောင်း စိတ်ဝင်စားသူတွေအတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်။
Hacker တွေကို အမျိုးအစားအားဖြင့် ၈ မျိုးခွဲထားတယ်လို့ ၀ိကီပီဒီယားမှာ ဆိုပါတယ်။ ဒါတွေကတော့ White hat, Black hat, Gray hat, Elite hacker, Script kiddie, Neophyte, Blue hat နဲ့ Hacktivist ဆိုပြီးတော့ ဖြစ်ပါတယ်။
၁။ White hat
ဒီ white hat hacker တွေကတော့ အငြှိုးအတေးနဲ့ လုံခြုံရေးကွန်ယက်စနစ်ထဲကို ၀င်ရောက်တာမဟုတ်ပါဘူးတဲ့။ သူတို့ရဲ့ လုံခြုံရေးစနစ်တွေကို ပြန်လည် စမ်းသပ်တဲ့ အနေနဲ့ ၀င်ရောက်တတ်ပါတယ်။ “White Hat” ဆိုတဲ့ အသုံးအနှုန်းကတော့ အင်တာနက်လောကရဲ့ ဗန်းစကားတစ်ခုဖြစ်ပြီးတော့ အကျင့်စာရိတ္တကောင်းမွန်တဲ့(ethical) Hacker လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီ အမျိုးအစားတွေထဲပါတဲ့ hacker တွေဟာ လုံခြုံရေးစနစ်အတွင်းကို ဖောက်ထွင်းဝင်ရောက်ခြင်း (penetration test)၊ လုံခြုံရေးစနစ်ရဲ့ ခံနိုင်ရည် (vulnerability assessments) စတာတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းဘောင်အတွင်းမှာပဲ ၀င်ရောက်ပြီး hack တာဖြစ်ပါတယ်။ International Council of Electronic Commerce Consultants (EC-council) လို့ခေါ်တဲ့ အဖွဲအစည်းတွေဟာ ဒီလို ethical hacking အတွက် ထောက်ခံချက်လက်မှတ်၊ သင်တန်းတွေ၊ အွန်လိုင်း သင်တန်းတွေ ပို့ချပေးပါတယ်။
၂။ Balck hat
ဒီ Black hat hacker တွေကတော့ White hat hacker တွေနဲ့ ပြောင်းပြန်ပေါ့လေ။ ကွန်ပျူတာ အင်တာနက် ကွန်ယက်ထဲက လုံခြုံရေးတွေကို ထိုးဖောက်ဝင်ရောက်မယ်။ အကြောင်းပြချက် တွေပေးတတ်ပေမယ့် တစ်ကယ်ကတော့ ကိုယ်ကျိုးစီးပွား ရှာလိုတာက များတယ်လို့ ဆိုပါတယ်။ ဒီလို ၀င်ရောက်ပြီးရင် အထဲမှာရှိတဲ့ သတင်းအချက်အလက် ဒေတာတွေအားလုံးကို ဖျက်ပစ်တတ်သလို၊ အက်မင်များ အသုံးမပြုနိုင်အောင်လည်း အဲ့ဒီ network ကို ဖျက်ဆီးပစ်တတ်ပါတယ်။ ဒီလို ၀င်ရောက်တဲ့အခါမှာတော့ အပိုင်း ၂ ပိုင်းခွဲပြီး hack ကြပါတယ်။
အပိုင်း ၁ ကတော့ Targeting ပါ။
ဒါကတော့ hacker ဟာ ဘယ် ကွန်ယက်ကို စတင် ချိုးဖောက်ဝင်ရောက်မယ်ဆိုတာကို ဆုံးဖြတ်တာပါ။ ဒါဟာ သက်ဆိုင်ရာ hacker ရဲ့ စိတ်ဝင်စားမှု့နဲ့ သက်ဆိုင်ပါတယ်။ ဒါမှမဟုတ်အဲ့ဒီ ကွန်ယက်က တိုက်ခိုက်မှု့ကို ခံနိုင်တဲ့ အတိုင်းအတာရှိနေမယ်ဆိုရင်တော့ “Port scan” လုပ်ပြီးတော့ ဘယ်လောက်အတိုင်းအတာအထိ ခံနိုင်ရည်ရှိတယ်ဆိုတာကို သိအောင်လုပ်ပါတယ်။ ဒီအခါမှာ ဘယ်Port ကနေပြီးတော့ ကွန်ပျူတာဟာ network ကိုအသုံးပြုပြီး data တွေယူနေသလဲဆိုတာကို သိရှိပါတယ်။ ဒီလို open ports တွေကနေပြီးတော့ hacker တွေဟာ ဒီကွန်ယက်စနစ်ထဲကို ၀င်ရောက်ပါတယ်။
အပိုင်း ၂ ကတော့ Research and Information Gathering ပါ။
ဒီအဆင့်ကတော့ စောစောက ကွန်ယက်စနစ်ထဲကို ၀င်ရောက်လို့ရသွားပြီဆိုတာနဲ့ Hacker ဟာ ဒီကွန်ယက်စနစ်တစ်ခုလုံးကို ထိန်းချုပ်လို့ရမယ့် vital information လို့ခေါ်တဲ့ အရေးကြီးလှတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေတော့တာပါ။ ဒီလိုရရှိဖို့ အသုံးချတာကတော့ SocialEngineering ကိုပါ။ တစ်ခြားနည်းလမ်းနောက်တစ်ခုကတော့ Dumpster Diving လို့ ဗန်းစကားအရခေါ်ပါတယ်။ ဒါကတော့ အမှိုက်ပုံထဲကို ခေါင်းထိုးပြီးရှာသလိုပဲ ဒီကွန်ယက်အသုံးပြုသူတွေထဲက ဒီ ကွန်ယက် စနစ်ကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်နိုင်စေသော သတင်းအချက်အလက် တွေကို ရှာဖွေခြင်းဖြစ်ပါတယ်။
၃။ Grey hat
ဒီလို hacker တွေကိုတော့ မျက်နှာ နှစ်ဖက်နဲ့လူလို့ ပြောရမလိုပါပဲ။ တစ်ခါတစ်လေမှာ တစ်ချို့ကွန်ယက်တွေ ကို ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ စသည်အားဖြင့် ခေါ်တဲ့အခါမှာ ဒီ ကွန်ယက်ကိုလည်း ပြုပြင်ပေးရင်း မသိမသာ ကွန်ယက်ထဲက သတင်းအချက်အလက်တွေကို ရောင်းတဲ့ hacker မျိုးပါ။
၎။ Elite hacker
Hacker တွေထဲမှာတော့ Elite hacker ဆိုရင်တော့ မြန်မာလို ဆရာကြီး ဂိုဏ်းချုပ်လို့ ခေါ်ရမလိုပါပဲ။ ဒီလိုလူတွေဆီက အသစ်၊ အသစ်သော hack နီးပေါင်းစုံတွေ ထွက်လာတတ်ပါတယ်။ ဒီအထဲမှာတော့ တော်တော်နာမည်ကြီးတဲ့ အဖွဲ့နာမည်ကတော့ Master of Deception လို့ ခေါ်ပါသတဲ့။
၅။ Script kiddie
ဒါကတော့ ဟိုးဆရာကြီး ဂိုဏ်းချုပ် တွေလောက်လည်း မတော်တဲ့ hacker တွေပါတဲ့။ နည်းပညာပိုင်းကို သေသေချာချာ မသိပဲ အခြားသူများ ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတွေကို အသုံးချပြီးတော့ ကွန်ပျူတာ ကွန်ယက်တွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီဆော့ဖ်ဝဲတွေရဲ့ ကျောရိုး၊ သဘောသဘာဝ၊ မည်သို့မည်ပုံ အသုံးချရမယ်ဆိုတာတွေကိုတော့ ကောင်းကောင်းသိပါသတဲ့။
၆။ Neophyte
ဒီအမျိုးအစား hacker တွေကိုတော့ “n00b” ဒါမှမဟုတ် “newbie” လို့ခေါ်ပါတယ်။ သူတို့တွေကတော့ ပညာရပ်ပိုင်းရော၊ အတွေ့အကြုံရော မရှိပဲနဲ့ လက်တည့်စမ်းတဲ့ သဘောနဲ့ hack ကြတဲ့ hacker တွေ ဖြစ်ပါသတဲ့။
၇။ Blue hat
ဒီ blue hat hacker တွေကတော့ ကွန်ပျူတာ လုံခြုံရေး အကြံပြုအဖွဲ့ဝင်တွေထဲကလူတွေ မဟုတ်ပါဘူးတဲ့။ သူတို့ဟာ ကွန်ယက်တစ်ခု မစတင်ခင်မှာပဲ အဲ့ဒီကွန်ယက်ထဲကို bug test အသုံးပြုပြီး ခိုဝင်နေတတ်ပါတယ်။ ဒီတော့ Security ချထားသည့်တိုင်အောင် သူတို့ဟာ ဒီကွန်ယက်ထဲမှာ လွတ်လပ်စွာ hack နိုင်ကြပါသတဲ့။ Microsoft ကုမ္ပဏီကလည်း လုံခြုံရေးဆိုင်ရာနဲ့ ပါတ်သတ်ပြီး ပြောကြားတဲ့နေရာမှာ ဒီ Blue hat ဆိုတဲ့ ဗန်းစကားကို အသုံးပြုပါတယ်။
၈။ Hacktivist
ဒါကတော့ ဟက်ပြီးသွားရင် နည်းပညာကိုသုံးပြီးတော့ ကြော်ငြာခဲ့တာပါ။ ဘယ်သူကဖြင့်တော့ ဘယ်သူ့ဆိုဒ်ကို ဟက် ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ တစ်ခါတစ်လေ အဟက်ခံထားရတဲ့ ဆိုဒ်တွေကို ဖွင့်လိုက်ရင် ပေါ်လာတဲ့ဟာမျိုးပါ။ ဒါကိုတော့ website defacement ဒါမှမဟုတ် denial-of-service attacks တွေမှာ အသုံးများပါတယ်။
ကဲ ဒါလေးပြီးရင်တော့ ကျွန်တော့် ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကြီး ဟက်ကာတွေ အကြောင်းလေး အကျဉ်းချုံးပြီးတော့ တင်ပြချင်ပါတယ်။
သူ့နာမည် အပြည့်အစုံက Kevin David Mitnick ပါ။ ၁၉၆၃ ခုနှစ်မှာ မွေးပြီးတော့ အခုတော့ ကွန်ပျူတာ အကြံပေးအနေနဲ့ရော၊ Mitnick Security Consulting မှာရော လုပ်ကိုင်နေပြီး စာရေးဆရာအဖြစ်လည်း အသက်မွေးနေပါတယ်။ သူ အသက် ၁၂ နှစ်သားမှာ Social Engineering ကို အသုံးချပြီးတော့ အမေရိကန် လော့စ်အိန်ဂျလိစ်က ဘက်စ်စကား စနစ်ကို hack ပြီးတော့ အလကား စီးပါတယ်။ အသက် ၁၆ နှစ်မှာ Digital Equipment Corporation (DEC) ရဲ့ ကွန်ယက်စနစ်ကို hack ပြီးတော့ အဲ့ဒီက Software တွေကို ကူးယူခဲ့ပါတယ်။ ဒီအတွက် နောင် ၉ နှစ်အကြာ ၁၉၈၈ခုနှစ်မှာတော့ အဖမ်းခံရပြီး ထောင်ဒဏ် ၁နှစ်အပြင် ၃ နှစ် စောင့်ကြည့်ခြင်း ခံရပါတယ်။ ၃ နှစ်စောင့်ကြည့်ချိန် ကုန်ခါနီးမှာတော့ ကီဗင်ဟာ Pacific Bell ရဲ့ voice mail computer တွေကို ထပ်မံ hack ပါတယ်။ ဒီအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ အပြစ်ပေးခြင်းခံခဲ့ရပါတယ်။ အမေရိကန် တရားရေးရုံးရဲ့ အဆိုအရတော့ ကီဗင်ဟာ ဒီလို မဖမ်းထပ်မံ အဖမ်းမခံရတဲ့ အချိန်အတွင်းမှာ ဒါဇင်ပေါင်းများစွာသော ကွန်ပျူတာ ကွန်ယက်တွေထဲကို ၀င်ယောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဖုန်းကဒ်တွေကို ပွားယူပြီးတော့ သူ့ရဲ့နေရာကို မခန့်မှန်းနိုင်အောင် ပုန်းအောင်နေခဲ့သလို၊ နိုင်ငံရဲ့ အကြီးမားဆုံးသော ကွန်ပျူတာ နဲ့ တယ်လီဖုန်း ကုမ္ပဏီတွေကို hack ခဲ့ပါတယ်။ ဒီအပြင် ကွန်ပျူတာ passward တွေ ခိုးယူခြင်း၊ အီးမေးလ်တွေထဲဝင်ရောက်ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖတ်ရှု့ခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါသတဲ့။ သူ့ကို ၁၉၉၅ ခုနှစ်မှာ FBIက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ အချိန်မှာတော့ ပွားယူထားတဲ့ ဆယ်လူလာဖုန်းတွေ၊ ပွားယူထားတဲ့ ဆယ်လူလာ ဖုန်းကုဒ်ပေါင်း ၁၀၀ ကျော်တွေ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ထောင်ဒဏ်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ဒီမှာ ထူးခြားတဲ့ စကားလေးတစ်ခွန်းရှိပါတယ်၊ ဒါကတော့ “ပိုက်ဆံပေးဆက်လို့ရတဲ့ ဖုန်းထဲကို လေချွန်လိုက်တာနဲ့ ကမ္ဘာပေါ်မှာ အနုမြူစစ်ပွဲဖြစ်သွားမယ်” ဆိုတဲ့ Kevin Mitnick ရဲ့ စကားလေးတစ်ခွန်းပါ။ ဒါကိုလည်း တရားရုံးက ယုံကြည်ခဲ့ပါတယ်။
ဂါရီ မက် ကင်နွန် ကတော့ အင်္ဂလန်နိုင်ငံသားဖြစ်ပြီး “တစ်သက်တာအတွက် အမေရိကန် စစ်တပ်ရဲ့ ကွန်ပျူတာ ကွန်ယက်ကို အကြီးကျယ်ဆုံး hack နိုင်သူ” ဆိုလောက်အောင် hack ခဲ့ပါတယ်။ သူဟာ ၂၀၀၁ ကနေပြီးတော့ ၂၀၀၂ ကြား ၁၃ လ ကာလအတွင်းမှာ ၉၇ အမေရိကန် စစ်တပ် နဲ့ နာဆာ ကို “Solo” ဆိုတဲ့ နာမည်သုံးပြီး Hack ခဲ့တာပါ။ သူဟာ အမေရိကန် စစ်တပ်ရဲ့ ကွန်ယက်ထဲကို ၀င်ရောက်ပြီးတော့ ၀ါရှင်တန်ရဲ့ စစ်တပ် အ၀န်းအ၀ိုင်းမှာရှိတဲ့ ကွန်ပျူတာပေါင်း ၂၀၀၀ ကျော်ကို ၁ ရက်ကြာ shutdown လုပ်ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု့ပြီးတော့လည်း အမေရိကန် ရေတပ်ရဲ့ ကွန်ပျူတာ အလုံး ၃၀၀ ကျော်တွေထဲ မွှေနှောက်ပြီးတော့ US Navy ရဲ့ weapons logs တွေကို ဖျက်ပစ်ခဲ့ပါတယ်။ ဒါတွေအားလုံးကို သူဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်ပြီး လုပ်ခဲ့တာပါ။ သူဒီလို ဖျက်ဆီးခဲ့တာတွေရော၊ သူ့ hack တဲ့လမ်းကြောင်းကို ရော ရှာဖွေဖို့ ဒေါ်လာ ၇ သိန်းဖိုးလောက် သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီ အမေရိကန် နိုင်ငံသားကိုတော့ ၁၉၈၃ ခုနှစ်မှာမွေးခဲ့တာပါ။ သူရဲ့ hack ရင်သုံးတဲ့ နာမည်ကတော့ c0mrade ဖြစ်ပါတယ်။ သူ ၁၅ နှစ်သားအရွယ် ၁၉၉၉ ခုနှစ်မှာ BellSouth လို့ခေါ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးကို hack ခဲ့သလို Miami-Dade လို့ခေါ်တဲ့ ကျောင်းရဲ့ ကွန်ယက်ကိုလည်း hack ခဲ့ပါတယ်။ နောက်တော့ သူဟာ နာဆာ ရဲ့ ကွန်ယက်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ အဲ့ဒီကနေ ဒေါ်လာ ၁.၇ သန်းတန်တဲ့ ဆော့ဖ်ဝဲကို download လုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် နာဆာဟာ သူ့ရဲ့ ကွန်ယက်ကြီးတစ်ခုလုံးကို ၃ ပတ်ကြာမျှ ပိတ်ခဲ့ရပါတယ်။ နောက်ပိုင်း ပြန်လည် ပြင်ဆင်တဲ့စရိတ်က ဒေါ်လာ ၄ သောင်း ၁ ထောင်ကျော်ကုန်ကျခဲ့ပါတယ်။ နောက် ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ၀န်ထမ်းတွေ အကြား ပေးပို့တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကြားဝင်ဖတ်ရှု့ခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး cybercrime ပြစ်မှု့ကျူးလွန်သူအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
၂၀၀၇ မှာတော့ ကွန်ပျူတာ တိုက်ခိုက်ခံရမှု့တွေများလာခဲ့ပြီးတော့ ဂျိမ်းစ် ကို ဒါတွေအတွက် ထပ်မံစစ်ဆေးပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကတော့ ဒီတိုက်ခိုက်မှု့တွေထဲမှာ သူဘာမှ ပါဝင်ပက်သက်မှု့မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ၂၀၀၈ မှာတော့ ဂျိမ်းစ်တစ်ယောက် ရေချိုးခန်းထဲမှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး သတ်သေသွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ မပါဝင်တဲ့ ဒီလို မျိုး ပြစ်မှု့တွေနဲ့ ပါတ်သတ်ပြီးတော့ တရားဆွဲဆို ခံနေရလို့လို့ ဆိုပါတယ်။ သူနောက်ဆုံးရေးသွားတဲ့ စာသားလေးကတော့
"I have no faith in the 'justice' system. Perhaps my actions today, and this letter, will send a stronger message to the public. Either way, I have lost control over this situation, and this is my only way to regain control."
Source : http://www.wikipedia.org/
Source : http://www.wikipedia.org/




Posted by

CW: Sui tacik zianghmuah na ngah zo?
CW: Kawlram hi thalsai thiam ram ah a ceng ve si pei cu?
CW: Ee..ziangruangah a si pei?

Kan dung Indonesia ih Sea Games zuamawknak ah Kawlram lehpannak pawlkom cun ni (6) tiangah sui laksawng tacik pakhat hman ngah thei lo in an rak um. Kawlram misenpi pawlin sui takcik an hahio zet lai ah cui ruahsannak cu Chin numi Mai Aung Ngeain in a thal thawn a famkimter. Anih hi kum 2011 Sea Games zuamawknak ih Kawlram hrangah sui tacik ngah hmaisabiktu a si. Misenpi karlak ah theih lar zetmi a si ih, Kawlram thuthangca le cazual phunkim ah hlunghlai zetin an lawm cio.
CW: Culai ah bulpak in tacik ngahmi na rak nei maw?















