0

Laptop တစ်လုံး ၀ယ်မယ်ဆိုရင်

နည်းပညာတွေ ပြောင်းလဲတိုးတက်လာတာနှင့် အမျှ လူတွေရဲ့ နေ့စဉ် နေထိုင်သွားလာမှုပုံစံတွေလည်း ပြောင်းလဲပါတယ်။ ကျွန်တော်တို့တွေ ငယ်စဉ်ကလေးဘ၀ သူငယ်တန်းတက်တုန်းကဆိုလျင် ကျောက်သင်ပုန်းနဲ့ ကျောက်တံကို ကိုင်ပြိးစာ
သင်ခဲ့ကြရပါတယ်။ အဲလိုနဲ့ နှစ်တွေကြာတော့ ကျောက်သင်ပုန်းနှင့် ကျောက်တံတွေ အစား ဗလာစာအုပ်နှင့် ခဲတံတွေ
အသုံးပြုလာကြပါတယ်။

ယနေ့ခတ်မှာတော့ ဗလာစာအုပ်နှင့် ခဲတံတွေ အစား ကွန်ပျူတာတွေကို သုံးစွဲလာကြတာ တွေ့ရပါတယ်။ ကွန်ပျူတာကိုမှပဲ
ပေါ့ပါးပြီး သယ်ရလွယ်ကူတဲ့ Laptop တွေကို လူတွေက ပိုမို စိတ်ဝင်စားလာကြပါတယ်။ ကျောင်းပဲသွားသွား၊
ရုံးပဲတက်တက် Laptop ကွန်ပျူတာလေးနဲ့ဆိုတော့ ခန့်တာပေါ့။

ဒီလိုပြောလိုက်လို့ Laptop တစ်လုံး အပြေးသွားဝယ်တော့မလို့လား။ ခဏလေး စောင့်ပါဦး။ Laptop ၀ယ်တော့မယ်ဆိုလျင်
စဉ်းစားသင့်တဲ့ အချက်လေးတွေကို အရင်လေ့လာပေးပါဦး။ အဲလို လေ့လာထားလိုက်တဲ့အတွက် သင့်ရဲ့လိုအပ်ချက်၊
သင့်ရဲ့ဘတ်ဂျက်တွေနဲ့ ကိုက်ညီတဲ့ Laptop တစ်လုံးကို ရွေးချယ်နိုင်မှာပေါ့။
အဲလိုမှ လေ့လာမထားဘူးဆိုရင် သင့်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်သလို၊ သင့်ရဲ့ ငွေတွေလည်း
ဖြုန်းတီးသလို ဖြစ်သွားပါလိမ့်မယ်။ အဲလို မဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို ရေးခြင်းဖြစ်ပါတယ်။
ကွန်ပျူတာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ သူ့ထက်ငါအပြိုင် Laptop တွေကို အပြိုင်အဆိုင် ထုတ်လုပ်နေကြတာပါ။

ထုတ်လုပ်လိုက်တိုင်းလည်း နောက်ဆုံးပေါ် နည်းပညာတွေကို နောက်ကျမခံပဲ အသုံးပြု ထုတ်လုပ်ကြပါတယ်။ နောက်ဆုံးပေါ်
Laptop တွေမှာ Memory ကို DDR-3 အထိ အသုံးပြုလာပြီး၊ Motherborad မှာဆိုရင် VGA က Onboard မှာတောင်
256 MB ထိရလာတာကို တွေ့ရပါတယ်။
256 MB က Share Memory မဟုတ်တဲ့အတွက် System Memory ကနေ ခွဲယူ သုံးစွဲခြင်း မရှိပါဘူး။ တော်ရုံ၊တန်ရုံ Game
လောက်တော့ သာသာလေး ကစားနိုင်ပါတယ်။ နောက်ဆုံးပေါ် Laptop တွေ အကြောင်းကို ပြောနေတာ Game ဆိုမှပဲ
သတိရတော့တယ်။
သင့်အနေနဲ့ Laptop ၀ယ်တော့မယ်ဆိုလျင် စဉ်းစားရမှာက ဘာအတွက်သုံးမှာလဲ ဆိုတာပါပဲ။ Game ကစားဖို့လား
သို့မဟုတ် ရုံးသုံးဖို့လား။ ရုံးမှာသုံးမယ်ဆိုလျင်ရော Internet နှင့် Word Processing လို့ ခေါ်တဲ့ Microsoft Office
ပဲသုံးမှာလား။ DTP တို့၊ Graphic Design တို့ သုံးဖို့လား။ Program တွေရေးဖို့ Programming အတွက် သုံးဖို့လား။
Multimedia အတွက် သုံးဖို့လား။ အများကြီးပဲနော်။
ကဲ Gamer တစ်ယောက်အတွက် ဘယ်လို Laptop မျိုးဝယ်ကြမလဲ။ Game ကစားမယ့် Laptop မှာ အရေးကြီးတာတွေက
Processor၊  Memory နဲ့ Graphic Card တွေပဲ ဖြစ်ပါတယ်။ Hard Disk ကတော့ အထိုက်အလျောက်ဆိုလျင်
အဆင်ပြေပါတယ်။ ဘာလို့ အဆင်ပြေလဲဆိုတော့ အချို့ Game တွေက CD ပေါ်မှာပဲ ကစားတာ ဖြစ်သလို၊ Install လုပ်ပြီး
ကစားတဲ့ Game တွေမှာတောင် Hard Disk ရဲ့ Space များများစားစား မလိုအပ်ပါဘူး။
ဒီတော့ Gamer တစ်ယောက်အတွက် Laptop ၀ယ်တော့မယ်ဆိုလျင် Hard Disk ကို အရမ်းကြီး စဉ်းစားစရာမလိုပါဘူး။
Processor က Core 2 Duo လောက်၊ Memory က 2GB လောက်၊ Graphic Card က 256 MB လောက်ရှိတဲ့ Laptop
ဆိုရင် Gamer တစ်ယောက်အတွက် အဆင်ပြေပါတယ်။
DTP၊ Graphic Design၊ Multimedia အစရှိသည်တို့ကို သုံးမည့် Laptop အတွက်တော့ အကောင်းတကာ့
အကောင်းဆုံးဆိုတဲ့ Processor တွေ၊ Memory တွေ၊ Graphic Card တွေ ပါဝင်ရမှာ ဖြစ်တဲ့အပြင် Hard Disk ရဲ့ Size
ကလည်း ကြီးနိုင်သမျှ ကြီးလေကောင်းလေပါပဲ။ Media File တွေ၊ Design File တွေဟာ File Size အရမ်းကြီးပါတယ်။
File Size ကြီးတဲ့ File တွေကို Hard Disk Size နည်းနည်းလေးနဲ့ သိမ်းမယ်ဆိုရင် အများကြီး သိမ်းလို့ရမှာ မဟုတ်ပါဘူး။
Design File တွေ၊ Media File တွေကို Edit လုပ်တဲ့အခါမှာလည်း အရမ်းနိမ့်တဲ့ Processor တွေ၊ Memory တွေ၊ Graphic
Card တွေနှင့် အလုပ်လုပ်မယ်ဆိုလျင် အလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်လို့ရနိုင်မှာ မဟုတ်ပါဘူး။
အလုပ်မတွင်ကျယ်ဘူးဆိုလျင် သင်လည်း စိတ်ကျေနပ်မှုရနိုင်မှာ မဟုတ်ပါဘူး။ Laptop ၀ယ်မယ်ဆိုလျင် စဉ်းစားရမယ့်
အဓိကအချက် တစ်ချက်ပဲ ဖြစ်ပါတယ်။
Internet၊ Word Processing နှင့် Programming တွေကို ရုံးတက်ရင်း သို့မဟုတ် ကျောင်းသွားရင်း သုံးဖို့အတွက်တော့
စတိုင်ကျကျ၊ ခပ်မိုက်မိုက် ဖြစ်တဲ့ Laptop လေးကိုပဲ ရွေးလိုက်ပါ။ Internet သုံးပြီး Video Conferencing
လုပ်မယ်ဆိုလျင်တော့ Web Cam ပါတဲ့ Laptop ကို ရွေးရပါလိမ့်မယ်။ သူ့အတွက် Processor တွေ၊ Memory တွေ က
အရမ်းကြီးမြင့်နေဖို့ မလိုအပ်ပါဘူး။
ဈေးနှုန်းနဲ့ စတိုင်လေးကိုသာ စဉ်းစားပြီး Warranty ကောင်းကောင်းပေးနိုင်တဲ့ Brand ကို ရွေးလိုက်ပါ။ Brand တွေကတော့
အများကြီးပါပဲ။  Acer, Asus, Compaq, Dell, Fujitsu, HP, IBM, Lenovo, NEC, Pansonic, Sony VAIO, Toshiba
အစရှိတဲ့ Brand တွေပါပဲ။ ကျွန်တော် မသိတဲ့ နာမည်နဲ့ Laptop တွေလည်း အများကြီးရှိပါသေးတယ်။ ဖော်ပြခဲ့တဲ့ Brand
တွေကတော့ သူသိများတဲ့ Brand တွေပဲ ဖြစ်ပါတယ်။
ဘယ် Brand က ကောင်းတယ်လို့တော့ Recommend မပေးချင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်
အကြိုက်ချင်းမတူတော့ Recommend ပေးဖို့က အရမ်းခက်ပါတယ်။

သို့သော်ငြားလည်း Brand မတူတဲ့ ကွန်ပျူတာနှစ်လုံး Specification တူသော်လည်း Performance တွေ၊ Life Time တွေ၊
Design တွေ အရမ်းကွာပါတယ်။ ဒီလို ကွာခြားမှုတွေရှိလို့လည်း ဈေးနှုန်းတွေက အရမ်းကွာနေတာပေါ့။
ဈေးကြီးတိုင်းကောင်းတယ်လို့တော့ ပြောလို့မရပေမယ့် ကောင်းတဲ့ ပစ္စည်းတွေကိုတော့ ဈေးပေါပေါနဲ့ မရနိုင်ပါဘူး။
Design လှလှလေး လိုချင်တဲ့သူတွေက Design အတွက်ကိုပဲ ပိုက်ဆံတွေ ပိုပေးပြီး ၀ယ်ယူ သုံးစွဲကြပါတယ်။ ဒီဇိုင်းတွေကို
အသာပေးထုတ်လုပ်တဲ့ နေရာမှာ Sony VAIO၊ Toshiba နှင့် Dell က ထိပ်ဆုံးက ပြေးပါတယ်။ Laptop တွေကို
အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ ထုတ်လုပ်ပါတယ်။ လူတွေရဲ့ စိတ်ကိုလည်း ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
ကိုယ့်ရဲ့ Laptop ကို ယုယုယယနဲ့ နှစ်ပေါင်းများစွာ သုံးချင်သူတွေအတွက်တော့ Life Time ကြာရှည်ခံနိုင်တဲ့ Laptop ကို
ရွေးဝယ်မှာ ဖြစ်ပါတယ်။ Fujitsu၊ HP၊ IBM အစရှိတဲ့ Brand တွေကတော့ သူတို့ရဲ့ Laptop တွေကို Warranty
ကောင်းကောင်းပေးထားပြီး နှစ်ပေါင်းများစွာ အသုံးခံနိုင်အောင် ထုတ်လုပ်ထားပါတယ်။
ဈေးတော့ နည်းနည်းကြီးပါတယ်။ တယုတယ အသုံးပြုမယ်ဆိုလျင် ပေးရတာနဲ့တန်အောင် သုံးလို့ရပါတယ်။ Performance
တွေကလည်း ကောင်းပါတယ်။
Compaq ကတော့ HP ကနေပဲ နာမည်နောက်တစ်မျိုးနဲ့ ထုတ်လုပ်တာဖြစ်ပြီး၊ Lenovo ကလည်း IBM ကနေ
ထုတ်လုပ်တာ ဖြစ်ပါတယ်။
Laptop ကို အကြမ်းပရမ်း သုံးချင်သူတွေအတွက်တော့ NEC နှင့် Panasonic Laptop တွေက ဖြည့်ဆည်းပေးပါလိမ့်မယ်။
Panasonic Laptop တွေက ဈေးနည်းနည်း ကြိးပေမယ့် NEC ကတော့ Panasonic နဲ့ယှဉ်လျင်
ဈေးနည်းနည်းသက်သာပါတယ်။
Panasonic Laptop တွေက ဘယ်လောက်တောင် အကြမ်းခံလဲဆိုလျင် ရေစိမ်ခံနိုင်လောက်တဲ့ Laptop တွေအထိ
ထုတ်လုပ်ထားပါတယ်။ NEC ကတော့ လူတစ်ယောက် တက်နှင်းမိလို့ပဲဖြစ်ဖြစ်၊ မတော်တဆ လွတ်ကျတာပဲဖြစ်ဖြစ်
ဒဏ်ကောင်းကောင်းခံနိုင်တဲ့ Laptop တွေအထိကို ထုတ်လုပ်ပါတယ်။
ဈေးသက်သာတဲ့ Laptop တစ်လုံး ၀ယ်ချင်တယ်ဆိုလျင်တော့ Acer နဲ့ Asus ပါပဲ။ Value for money ပေါ့။ Acer နဲ့
Asus ကို လူတွေက မှားယွင်းတတ်ကြပါတယ်။ မှားမယ်ဆိုလည်း မှားချင်စရာပါ။ Brand နှစ်ခုစလုံးက Taiwan Brand
တွေဖြစ်ပြီး၊ Brand အမည်တွေကလည်း ခပ်ဆင်ဆင်ပဲ မဟုတ်လား။ ဈေးနှုန်းက သိပ်မကွာပေမယ့် Asus က Acer ထက်
ဈေးနည်းနည်းပိုပါတယ်။
Asus Laptop တွေရဲ့ အားသာချက်တစ်ခုကတော့ Graphic ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်စက်ရုံက ထုတ်လုပ်တဲ့ Graphic Card
တွေကို အသုံးပြုပါတယ်။
မည်သည့် Laptop က သင်နဲ့ ကိုက်ညီမှု ရှိတယ်ဆိုတာ စဉ်းစားပြီး Laptop တစ်လုံး ၀ယ်ကြရအောင်.....။

0 comments:

Post a Comment

Back to Top