0

သူငယ်ချင်းကို အားနာလို့ Startup Sound ကို ပိတ်ထားစို့


ကျနော်တို့ကိုရီးယားမှာ နေ့ဆိုင်းတွေချည်းပဲ လုပ်ရတဲ့ စက်ရုံတွေရှိသလို နေ့နဲ့ည အဆိုင်းပြောင်းပြီး လုပ်ရတဲ့စက်ရုံတွေလည်း ရှိပါတယ် ၊ နေရတဲ့ အခန်းတွေကျပြန်တော့ တစ်ယောက်တစ်ခန်းရတဲ့ သူတွေရှိသလို အများနဲ့ စုပေါင်းနေရတာတွေလည်း ရှိပါတယ် ၊ အခန်းအများစုကတော့ စက်ရုံဝင်းအတွင်းမှာပဲ ရှိနေတဲ့အတွက် သွားရလာရတာ အဆင်ပြေပါတယ် ၊ ကျနော်တို့တတွေကလည်း အားလပ်ချိန် ရတာနဲ့ ကွန်ပြူတာလေးကို ပြေးဖွင့်ပြီး ဟိုကြည့် ဒီကြည့် ဟိုကလိ ဒီကလိ လုပ်ကြတာပေါ့ ၊ တစ်ခါတစ်လေကျ ကျနော်တို့ အားလပ်ချိန်ရတဲ့ အခါမှာ သူငယ်ချင်းတစ်ချို့က အိပ်နေကြပါပြီ ၊ အခန်းကိုလာပြီး ကွန်ပြူတာကို သုံးဖို့ဖွင့်လိုက်တဲ့အခါမှာ စက်ဖွင့်ဖွင့်ချင်း ဂလွမ်..လွမ်~~~~~~ ဆိုပြီး ပေါ်လာတတ်တဲ့ Windows ရဲ့ Startup sound ကြောင့် အိပ်နေတဲ့ သူငယ်ချင်း နိုးသွားတာမျိုးတွေ ရှိတတ်ပါတယ် ၊ နိုးသွားရင်တော့ အားနာရတော့ တာပေါ့ ၊ ဒါမှမဟုတ် သူငယ်ချင်း နိုးသွားလေမလား ရင်တထိတ်ထိတ် စိုးရိမ်စိတ်တွေနဲ့ ကွန်ပြူတာကို ဖွင့်ကြရပါတယ် ၊ အဲဒီလို မဖြစ်အောင် အကောင်းဆုံးနည်းလေးကတော့ Windows ရဲ့ Startup sound ကို ပိတ်ထားလိုက်ဖို့ပါပဲ ။ 
လွယ်တဲ့နည်းလေးတွေကိုပဲ ပြောမှာဆိုတော့ လုပ်ဖို့ အဆင်ပြေပါလိမ့်မယ်.. 



စလုပ်ပြီဆိုရင်.. 

(၁) Taskbar ရဲ့ ညာဖက်အောက်ခြေမှာ ရှိတဲ့ Speaker icon လေးပေါ်ကို Right click ထောက်ပြီး Sounds ကိုရွေးပါ 
(၂) ပေါ်လာတဲ့ window လေးမှာ Play Windows Startup Sound ကိုရှာပြီး သူ့ရှေ့မှာ select လုပ်ထားတာလေးကို ဖြုတ်လိုက်ပါ (unselect လုပ်ပါ)

(၃) Apply ကိုနှိပ်ပြီး OK ကိုနှိပ်လိုက်ပါ ၊ ပြီးပါပြီ ။ နောက်တစ်ခါ စက်ဖွင့်တဲ့အခါ တိတ်ဆိတ်စွာနဲ့ ပွင့်လာတာကို တွေ့ရမှာပါ ။ 

ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါပဲ တိတ်ဆိတ်နေဖို့လိုတဲ့ အချိန်မှာ တိတ်ဆိတ်နေရမှာ ဖြစ်ပြီး အသံထွက်ဖို့လိုတဲ့ အချိန်မှာ အသံထွက်အောင်လုပ် ကြရမယ် မဟုတ်ပါလားခင်ဗျာ..

Source... http://www.voiceofdaegu.org/2012/01/startup-sound.html

0 comments:

Post a Comment

Back to Top