0

ပင်လယ်ရေအောက် စားသောက်ဆိုင်




ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းအောင်  လူတွေရဲ့ ထူးခြားဆန်းပြားတဲ့ စိတ်ကူးတွေနဲ့ တည်ဆောက်ထားတဲ့ နောက်ထပ် အထူးအဆန်း နေရာတစ်ခုက အိန္ဒိယ သမုဒ္ဒရာရဲ့  ရေအောက် ၁၅ပေအနက်မှာ ဆောက်လုပ်ထားတဲ့ ရေအောက်စားသောက်ဆိုင် ဖြစ်ပါတယ်.. အဆောက်အဦးတစ်ခုလုံးကို ကြမ်းပြင်မှလွဲ၍ အကာရော အမိုးပါ ထူထဲပြီး ကြည်လင်နေတဲ့ မှန်သားကြီးတွေနဲ့ ကာရံထားကာ သန္တာကျောက်တန်းတွေ ၀ိုင်းရံနေတဲ့နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်..  စားသောက်နေရင်းနဲ့ ခေါင်းပေါ်မှာရော မိမိရဲ့ အနီးအနားက မှန်သားပြင်ရဲ့ အပြင်ဘက်မှာ ကူးခတ်သွားလာနေတဲ့ ငါး၊ လိပ်၊ ငါးမန်း၊ စတဲ့ ငါးရောင်စုံတွေနဲ့ မမြင်စဖူး ထူးဆန်းတဲ့ ပင်လယ် သတ္တ၀ါတွေကို ကြည့်ရတာ ဘယ်လောက်များ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လေမလဲနော်။

 ပင်လယ်ရေအောက်က စားသောက်ဆိုင်



စားသောက်ရင်း ရေအောက်ရှုခင်းလဲကြည့်
under sea crazy restaurant4 World’s First Ever Undersea Restaurant   Ithaa

သူလေးလဲ


အပေါ်ကနေ စားသောက်ဆိုင်ကို ဆင်းလာတဲ့လမ်း






ပြင်ပ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရှိ၊ သီးခြားဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို ရောက်သွားရသလို ကမ္ဘာမြေကြီးပေါ်က ဘယ်စားသောက်ဆိုင်တွေရဲ့ ရှုခင်းနဲ့မှ မတူအောင် ထူးခြားတဲ့ ရင်ခုန်ခြင်းတွေကို ပေးနိုင်တဲ့ Ithaa အမည်ရ ပင်လယ် ရေအောက်စားသောက်ဆိုင် ဖြစ်ပါတယ်.. Ithaa ဟာ မော်လ်ဒိုက်ဘာသာစကား ဖြစ်ပြီး ပုလဲလို့ အမည်ရတာကြောင့် ပင်လယ်ရေအောက်မှာ တည်ရှိနေတဲ့ ဒီစားသောက်ဆိုင်ဟာ နံမည်နဲ့ လိုက်ဖက်လှပါတယ်.. နယူးဇီလန်အခြေစိုက် M.J. Murphy ကုမ္ပဏီရဲ့ လက်ရာဖြစ်ပြီး အကျယ် ၅ပေနဲ့ အရှည် ၉ပေသာ ကျယ်ဝန်းပြီး တစ်ခါကို လူ၁၄ယောက် စားသောက်ရုံလောက်သာ ကျယ်ဝန်းသော်လည်း ကုန်ကျစရိတ်မှာ ဒေါ်လာ၅သန်း ရှိတယ်လို့ သိရပါတယ်.. နံမည်ကျော် သူဌေးသမီးလေး ပဲရစ်ဟီလ်တန် အမွေဆက်ခံမဲ့ ဟီလ်တန်ဟိုတယ်များ အုပ်စုပိုင် မော်လ်ဒိုက်မှာ ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်တဲ့  Hilton Maldives Resort & Spa  ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ ၄င်း ရေအောက်စားသောက်ဆိုင်ဟာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ဖို့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး တည်ဆောက်ထားတဲ့ ရေအောက်စားသောက်ဆိုင် ဖြစ်ကြောင်းသိရပါတယ်.. စားသောက်စရာတွေရဲ့ ဈေးနှုန်းဟာ တစ်ဦးလျှင် ဒေါ်လာ ၁၂၀မှ ၂၅၀တန် ထိ ရှိတာကြောင့် ဈေးကြီးတယ်လို့ ပြောရမှာပါ။

under sea crazy restaurant3 World’s First Ever Undersea Restaurant   Ithaa

အသည်းယားဖွယ်


under sea crazy restaurant44 World’s First Ever Undersea Restaurant   Ithaa

စားပါဦး



အိပ်မက်ကမ္ဘာ

under sea crazy restaurant2 World’s First Ever Undersea Restaurant   Ithaa
ပန်းကန်ခွက်ယောက်တွေက တစ်မျိုးလေး




under sea crazy restaurant5 World’s First Ever Undersea Restaurant   Ithaa

ရေပြင်ပေါ်က ငုံ့ကြည့်ရင် မြင်ရတဲ့ မြင်ကွင်း


under sea crazy restaurant46 World’s First Ever Undersea Restaurant   Ithaa


ပျားပန်းခတ်မျှ သွားလာနေတဲ့ ငါးများ


ရေအောက်မင်္ဂလာပွဲ


Image Hosted by PicturePush - Photo Sharing 
ကြည်နူးနေတဲ့ မောင်နှံ


သို့ပေမဲ့လည်း မင်္ဂလာမောင်နှံများ မင်္ဂလာဆောင်ပြီးခါစ တစ်သက်မှာ တစ်ခါဖြစ်စေမဲ့ အမှတ်တရ နေ့လည်စာစားပွဲ၊ ညစာစားပွဲများကိုလည်း ဒီရေအောက် စားသောက်ဆိုင်လေးမှာ Romantic ဆန်ဆန် ကျင်းပ တတ်ကြတယ်လို့ သိရပါတယ်.. မော်လ်ဒိုက် တိုင်းရင်းသားတို့ရဲ့ အရသာ ရောနှောနေတဲ့ ဥရောပ အစားအစာနဲ့အတူ သောက်စရာ ၀ိုင်၊ ရှန်ပိန်တို့လို အဖျော်ယမကာများလည်း ရရှိနိုင်ပါတယ်.. ၀န်ဆောင်မှုလည်း ကောင်းတာမို့ အရသာရှိရှိ အစားအစာကို ဇိမ်ခံစားသောက်ရင်း ကူးသန်းသွားလာနေကြတဲ့ ပင်လယ်သတ္တ၀ါမျိုးစုံနဲ့ အဆုံးမရှိ မြင်တွေနေရပြီး လှပတဲ့ ပင်လယ်ရေအောက်ရှုခင်း တို့ကို ကြည့်ရှုရတာ အိပ်မက်ကမ္ဘာကို ရောက်နေတာနဲ့မခြား ခံစားရတာမို့ ဈေးကြီးပေမဲ့လည်း တစ်သက် မမေ့နိုင်တဲ့ အတွေ့အကြုံ အမှတ်တရ ဖြစ်ကြရတယ်လို့ ရောက်ဖူးသူများက ဆိုပါတယ်။

********************* @**********************

The Red Sea Star ပင်လယ်ရေအောက်စားသောက်ဆိုင်


ရေအောက်စားသောက်ဆိုင်သို့ သွားလာလမ်း




red sea restaurant
 
 သပ်ရပ်ခမ်းနား
 
နောက်ထပ် ရေအောက်စားသောက်ဆိုင်တစ်ခုက အစ္စရေးနိုင်ငံ ပင်လယ်နီရဲ့အောက်မှာ တည်ရှိတဲ့  The Red Sea Star စားသောက်ဆိုင်ဖြစ်ပါတယ်.. The Red Sea ‘s Coral Reef သန္တာကျောက်တန်းကြီးတွေရဲ့ အနီး ပင်လယ်ရေအောက် အနက် ၁၅ပေမှာ တည်ရှိပြီး အသက်ရှူမှားလောက်တဲ့ ရေအောက် ရှူခင်းတွေကို ကြည့်ရှူခံစားလို့ရပါတယ်.. စားသောက်ဆိုင်မှာ မှန်တံခါးပေါင်း ၆၂ခု ရှိပြီး ရေအောက်ကမ္ဘာရဲ့ လှပဆန်းကြယ်မှုနဲ့ ပင်လယ်သတ္တ၀ါ အမျိုးအစား ရာနဲ့ချီပြီး ဖြတ်သန်းသွားလာနေကြတာမို့ မြင်ကွင်းကျယ် ကြည့်ရှုခံစားနိုင်တယ် လို့ ဆိုပါတယ်.. ဒီစားသောက်ဆိုင်ကို အဏ္ဏ၀ါ ကျွမ်းကျင်သူများနဲ့ ရေငုပ်ကျွမ်းကျင်သူများက ခက်ခက်ခဲခဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်..

 
interior
ပြာလဲ့ရေပြင်
 




red sea
 ထူထဲလှတဲ့ မှန်ပြူတင်းများ


The Red Sea Star  ပင်လယ်ရေအောက် စားသောက်ဆိုင်ကြီးမှာ အမျိုးအစားစုံလင်လှတဲ့ ထူးထူးခြားခြား စားသောက်ဖွယ်ရာတွေကို မှာကြားနိုင်သလို ကမ္ဘာမြေရဲ့ ရှုခင်းနဲ့ မတူတဲ့ နေရာဒေသ ရေအောက် ကမ္ဘာရဲ့ လှပမှုတွေကို ခမ်းနားဆန်းပြားစွာခံစားရင်း စိတ်ကြည်လင်ငြိမ်းချမ်းမှုကို ရရှိနိုင်ပါတယ်.. စားပွဲတိုင်းအတွက် မှန်ပြူတင်း ပေါက်လေးတွေ ထားရှိတာကြောင့် ရေအောက်ကမ္ဘာကြီးကို မိမိနေရာကနေ လွတ်လပ်စွာ ကြည့်ရှုခွင့်ရနိုင်ပါတယ်..  ဒီရေအောက် စားသောက်ဆိုင်လေးမှာ ပင်လယ်ရဲ့ ည ရှုခင်းကိုလည်း ခံစားနိုင်အောင် ညအချိန်တွေပါ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်


ညရှုခင်း










eliat restaurant
ကျယ်ကျယ်ဝန်းဝန်း 
 

 ပြူတင်းတွေမှာ တပ်ဆင်ထားတဲ့ မှန်ချပ်တွေဟာ ထု ၈.၅ စင်တီမီတာ ကနေ ၁၃.၅ စင်တီမီတာအထိ ထူထဲပြီး အတွင်းရော အပြင်ဘက်မှာပါ နောက်ထပ် မှန်တစ်ထပ်စီ ပြန်ပြီး ခံထားပါတယ်.. အတွင်း မှန်တစ်ထပ်က စားသောက်ဆိုင်ကို လာရောက်စားသုံးသူတွေရဲ့ မတော်တဆ ထိခိုက်မှု၊ တမင်ထိခိုက်အောင်လုပ်မှု တို့ကနေ ကာကွယ်ရန်ဖြစ်ပြီး အပြင်ဘက်က မှန်တစ်ထပ်က ပင်လယ် သတ္တ၀ါနဲ့ ရေငုတ်သမားတို့ရဲ့ ရန်က ကာကွယ်ဖို့ဖြစ်ပါတယ်.. ဆိုင်တစ်ခုလုံးမှာ တတ်ဆင်ထားတဲ့ မှန်ချပ်တွေရဲ့ အလေးချိန်စုစုပေါင်းဟာ တန်ချိန် ၁၂ တန်ကျော် ရှိတယ်လို့ ဆိုပါတယ်..   စားသောက်ဆိုင်ဟာ လူပေါင်း ၁၀၅ယောက် တစ်ပြိုင်တည်း ထိုင်နိုင်လောက်အောင် ကျယ်ဝန်းပြီး သီးသန့်ဧည့်ခံပွဲ အသေးလေးတွေ ကျင်းပလို့ ရပါတယ်.. စားသောက်ဆိုင်ကို နေ့လည် ၁၂နာရီမှ ည ၁၂နာရီထိ နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်..  ခြေဖ၀ါးသော်မျှ ရေတစ်စက်လေးမှ မစိုစေရဘဲ ရေအောက် ကမ္ဘာကို အရောက်သွားလို့ နှစ်သက်ရာ အစားအစာများကို စားသောက်နိုင်ပါတယ်နော်။


ကမ္ဘာမြေပြင်ပေါ်မှာ နေ့စဉ် အစားအစာ စားသောက်ရတာ ရိုးအီနေလို့ နေရာဒေသ ကမ္ဘာအသစ်မှာ နေ့လည်စာ၊ ညစာ စားသောက်လိုသူများ ပင်လယ်ရေအောက်က စားသောက်ဆိုင်တွေကို သွားရောက်လို့ စားသောက်နိုင်ကြပါပြီ လို့…   ပိုက်ပိုက်တော့ များများ ထည့်သွားဖို့ လိုပါလိမ့်မယ်..    :) :)

0 comments:

Post a Comment

Back to Top