0

Gmail အတွက် လုံခြုံရေး ဒါလေးတွေ သတိပေးချင်တယ်

 


(၁) Gmail ကို ဖွင့်တဲ့အခါ ပိုပြီးလုံခြုံစိတ်ချရတဲ့ secure HTTPS connection ကိုသုံးပါ (အရေးကြီးပါ၏) 

ကျနော်တို့ သုံးနေကြတဲ့ HTTP က အချက်အလက်တွေကို ပြောင်စာသား (plain text) အဖြစ်နဲ့ ကူးပြောင်းပေးပို့ပါတယ် ၊ HTTPS က တော့ Encrypt လုပ် ( လျှို့ဝှက်ကုဒ်တွေ အဖြစ်ပြောင်း ) ပြီးပို့ပါတယ် ၊ ဒါကြောင့် hack ဖို့ ပိုပြီး ခက်ခဲပါတယ် ၊

လုပ်ဖို့ရာက …Gmail ကို login ၀င်ပါ အပေါ်ညာဒေါင့်မှာရှိတဲ့ gear icon (setting) လေးကို ကလစ်လုပ်ပြီး mail settings ကို ရွေးပါ General tab အောက်မှာရှိနေရပါမယ် ၊ ရှိမနေရင် ရွှေ့ယူပါ ၊ Browser connection နဲ့တည့်တည့်မှာ Always use https ကို select လုပ်ပါ ၊ Save change ကို ကလစ်လုပ်ပါ ။ 




(၂) Gmail ကိုဖွင့်ဖို့ password ထည့်မယ့် အချိန်တိုင်းမှာ Address bar ကိုတစ်ချက်စစ်ဆေးလိုက်ပါ google.com မှာရှိမနေဘူးဆိုရင် သင့်ရဲ့ password ကို ခိုးယူမယ့် phishing page တစ်ခုဖြစ်နိုင်ပါတယ် ၊ ဒါကြောင့် ပိတ်ပစ်လိုက်ပြီး address bar မှာ https://www.gmail.com လို့ရိုက်ပြီး သွားလိုက်ပါ ၊ 

Phishing page ဆိုတာ ကျနော်တို့ တကယ် ၀င်ရမယ့် gmail login စာမျက်နှာရဲ့ရှေ့မှာ hacker က ဖန်တီးထားတဲ့ login page အတုတစ်ခု လာပြီး ကာလိုက်တာပါပဲ ၊ အဲဒီမှာ ID တွေ password တွေ ရိုက်လိုက်ရင် ပါသွားပြီပေါ့ ။ 

(၃) Google service ကလိုလိုနဲ့ ကိုယ့်ရဲ့ ID နဲ့ password ဖြည့်ဖို့ တောင်းတဲ့ message တစ်ခုခု ၀င်လာတတ်ပါတယ် ၊ Google ကိုယ်တိုင်က ဘယ်တော့မှ မတောင်းပါ ၊ hacker ကပုံစံတစ်မျိုးနဲ့ တောင်းတာဖြစ်ပါတယ် ၊ ပေးချင်ရင် ဖြည့်လိုက်ပါ ။ 

(၄) Password ကို ရှည်ရှည်ခက်ခက် ထားပါ ၊ Password မှာ အကြီးစာလုံး ၊ အသေးစာလုံး ၊ ဂဏန်း ၊ သင်္ကေတ တွေ ရောနှောပြီး ပါဝင်နေတာကောင်းပါတယ် ။ 

(၅) အဓိက သုံးတဲ့ Gmail account ရဲ့ password နဲ့ တခြား site တွေမှာ သုံးတဲ့ password မတူပါစေနဲ့ ။ 

(၆)Gmail ကို login လုပ်တဲ့အချိန်မှာ stay sign in ကို select လုပ်ထားရင် ဖယ်ပစ်ပါ ။ 

(၇) Gmail, Gtalk ကို သုံးပြီးတဲ့အချိန်တိုင်း sign out လုပ်ပါ ။ (

(၈) Browser ကနေ password ကို မှတ်ထားရမလားမေးခဲ့ရင် never for this site ကို ရွေးပါ 

(၉) အဲဒီလို လုပ်နေတဲ့ ကြားကပဲ browser တွေက မှတ်ထားတတ်သေးတယ် ၊ ဒါကြောင့် browser မှာရှိတဲ့ private data (ကျနော်တို့ data တွေပေါ့) ကို အခွင့်သင့်သလို ရှင်းပစ်ပါ ၊ 

လုပ်မယ်လား ... Firefox မှာ Tools > Clear Recent History ကိုသွားပါ ၊ Time range to clear: ကို Everything ထားပါ ၊ Detail ဆိုတဲ့ dropdown menu လေးကို နှိပ်ပြီး ပေါ်လာတဲ့ item မှန်သမျှကို select ပေးပြီး Clear now ကိုနှိပ်ပါ ၊ သွားနေကျ site လိပ်စာတွေ address bar ကနေ ပျက်သွားမှာစိုးရင် Browsing and Download history တစ်ခုကို ချန်ထားလိုက်ပါ ။ 


 (၁၀) ကိုယ့်ရဲ့ login details ကို အမြဲလိုလို စစ်ဆေးပါ (ရှေ့က post ပြန်ဖတ်ပါ ) 

(၁၁) keylogger လို့ခေါ်တဲ့ ကျနော်တို့ရိုက်သမျှ keyboard ရိုက်ချက်တွေကို မှတ်သားပေးတဲ့ program တွေရဲ့ရန်က အေးချင်သေးတယ်ဆိုရင် on-screen keyboard ကို သုံးပြီး ID တို့ password တို့ကိုဖြည့်ပါ ၊ သူက mouse နဲ့ ကလစ်လုပ်ရတာကိုး ၊ ဒါကတော့ စိုးရိမ်တာလွန်သွားပြီ ထင်ပါရဲ့ ၊

ဘယ်လိုပဲ ဖြစ်ဖြစ် on-screen keyboard ကို သုံးချင်ရင် start menu ရဲ့ search မှာ ... osk … လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် ပေါ်လာမှာပါ ။ 

ရေးလာတာ အတော်လေးများသွားပြီပဲ ၊ သေချာတယ် ဒါတွေအားလုံးတော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး ၊ ကျနော်လည်း မလုပ်ပါဘူး ၊ ဒါပေမယ့် လုပ်နိုင်သလောက်အတွက် လုံခြုံစိတ်ချမှုရစေမှာဖြစ်ပါတယ် ၊ Gmail account တစ်ခုဟာ ကိုယ့်အတွက် ဘယ်လောက် အရေးပါသလဲ ဆိုတဲ့အပေါ် မူတည်နေပါလိမ့်မယ် ။

Gmail ကို ခြယ်သဖို့နဲ့ မိတ္တူပွား ထားဖို့လေးတွေလည်း ရေးပါဦးမယ် ။ 

ခိုးသူရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေဗျား …

http://www.voiceofdaegu.org/2011/11/gmail_28.html မှ

0 comments:

Post a Comment

Back to Top