0

ကိုယ်ရဲ့ကွန်ပြူတာကနေ မသွားစေချင်တဲ့ website ကို ပိတ်ထားဖို့

 


တစ်ခါတရံမှာ ကျနော်တို့ ကွန်ပြူတာကနေ website တစ်ခုခုကို မသွားစေချင်တာမျိုး ရှိနိုင်ပါတယ် ၊ ဥပမာ အိမ်မှာသုံးတဲ့ ကွန်ပြူတာတွေအတွက် ကလေးသူငယ်တွေ ကြည့်ဖို့ မသင့်တော်သေးတဲ့ website တွေ ရှိမယ်ဆိုရင် ကျနော်တို့က ပြင်ပ software ကို မသုံးပဲနဲ့ Windows ထဲက host file ကို ပြင်ပြီး အဲဒီ site တွေကို သွားလို့မရအောင် လုပ်နိုင်ပါတယ် ၊ အဲဒါလေးက လုပ်ဖို့လွယ်ပါတယ် ၊ Website ကို ပြန်ဖွင့်ချင်တဲ့အခါ ၊ ဒါမှမဟုတ် ထပ်တိုးပြီး ပိတ်ဆို့ချင်တဲ့ အခါတွေမှာတော့ ကိုယ်သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ပြန်သွားပြီး host file ကို ပြန်ပြင်ရမှာမို့ သေချာ မှတ်ထားဖို့တော့ လိုပါလိမ့်မယ် ။

စပြီဆိုရင် ..

(၁) Start menu ရဲ့ search bar မှာ notepad လို့ရိုက်ပြီး menu ရဲ့ အထက်နားလေးကို ကြည့်လိုက်ရင် Notepad ဆိုတဲ့ program လေးပေါ်နေတာကို တွေ့ရမယ်

(၂) အပေါ်က Notepad program လေးပေါ်ကို right click ထောက်ပြီး Run as administrator ကို ရွေးလိုက်ပါ ၊ Windows ထဲက တချို့ file တွေဟာ admin မဟုတ်ရင် ပြင်ခွင့်မရှိပါဘူး အဲဒါကြောင့် admin right ကို ယူလိုက်တဲ့သဘောပါ



(၃) Notepad လေးပွင့်လာပါပြီ ၊ ဘာမှ မရှိသေးပါဘူး ၊ Notepad ကိုသုံးပြီး file တစ်ခုကို ဖွင့်မှာမို့လို့ File > Open ကိုနှိပ်ပါ ..ပြီးရင် C:/Windows/System32/drivers /etc အထိ ဖြည်းဖြည်းရှာပြီး ဆက်ပြီး ဖွင့်သွားပါ

(၄) etc ထိရောက်သွားတဲ့ အခါ ဘာမှ မတွေ့ရပဲ ကွက်လပ်တစ်ခု ဖြစ်နေမယ် ၊ အောက်မှာ file type ရွေးတဲ့ dropdown menu လေးရှိပါတယ် ၊ အဲဒီမှာ All files လို့ပြောင်းလိုက်တဲ့အခါ folder ထဲမှာရှိတဲ့ file တွေပေါ်လာပါပြီ



(၅) host file ပေါ်ကို double click လုပ်လိုက်တဲ့အခါ Notepad ကဖွင့်ပေးလိုက်ပါပြီ ၊ အောက်ဆုံးမှာ ကိုယ်ပိတ်ချင်တဲ့ site တွေကို

127.0.0.2 www.abc.com
127.0.0.3 www.efg.net
127.0.0.4 www.xyz.org

စသည်ဖြင့် ပိတ်ချင်သလောက် ဖြည့်ရေးသွားပါ (အောက်မှာ နမူနာ ကြည့်ပါဦး) ပြီးရင် save လုပ်ပြီးပိတ်လိုက်ပါ ။


 ကဲ ပိတ်ထားတဲ့ site ကို စမ်းပြီးသွားကြည့်လိုက်ပါ ။

ပိတ်တယ်ဆို့တယ်ဆိုတာ Internet service တွေက လုပ်တဲ့အပြင် ကျနော်တို့လည်း လုပ်လို့ရပြီပေါ့ဗျာ..

http://www.voiceofdaegu.org/2011/12/website.html မှ

0 comments:

Post a Comment

Back to Top