0

Harddisk ထဲက လျို့ဝှက်သောအရာများ ဖုံးကွယ်ထားဖို့

 


တစ်ခါတရံမှာ ကျနော်တို့ရဲ့ကွန်ပြူတာကို သူငယ်ချင်း တစ်ယောက်ယောက်က ၀င်ပြီး သုံးနေတာမျိုး ကြုံရနိုင်ပါတယ် ၊ တကယ်လို့များ ကျနော်တို့မှာ သူများမသိစေချင်တဲ့ file တစ်ခုခု ဒါမှမဟုတ် တော်တော်များများ ရှိတယ်ဆိုရင် အဲဒါတွေကို ဖုံးကွယ်ထားဖို့လိုမှာပေါ့ ၊ ကိုယ်က မပြောပြရင် ကွန်ပြူတာ ကျွမ်းလှပါချေရဲ့ ဆိုသူတွေတောင် ဖေါ်မရနိုင်တဲ့ နည်းလေးကို တင်ဆက်ပါမယ်..


1) ပထမဆုံး folder လေး တစ်ခုလုပ် ၊ နာမည်ပေးပြီး ကိုယ်သိမ်းထားချင်တာတွေကို ထည့်လိုက်ပါ ( drive တစ်ခုခုကို ဖွင့်တဲ့အခါ အပေါ်က menu bar မှာ New folder ဆိုတဲ့ command menu လေး ပါတတ်ပါတယ် ၊ မပါရင်လည်း ရှာလိုက်ပါ )

2) အဲဒီ folder လေးကို ရောက်အောင် ဘယ်လိုသွားတယ်ဆိုတဲ့ လမ်းကြောင်း path လေးကို မှတ်သားလိုက်ပါ ။ ( folder လေးကိုဖွင့် အပေါ်ဆုံးမှာရှိတဲ့ address bar ထဲက နေရာလွတ်ကလေးတစ်ခုမှာ ကလစ် တစ်ချက်နှိပ်ပြီး ကြည့်လိုက်ပါ )

3) Windows 7 နဲ့ Vista သမားများက search bar မှာ cmd လို့ရိုက်ပြီး Enter ခေါက်ပါ ၊ XP သမားများက Run ကနေ cmd ရိုက်ပြီး Enter ခေါက်ပါ ၊ Command prompt window လေးပေါ်လာမယ်

4.1) ဖျောက်ချင်ပြီဆိုရင် Attrib +s +h +r "path of the folder" လို့ရိုက်ပြီး Enter ခေါက်ပါ
ဥပမာ ကျနော်ရဲ့ External Hard-disk “F” ထဲမှာ Secret လို့ နာမည်ပေးထားတဲ့ folder လေးကို ဖျောက်မယ်ဆိုပါစို့
Attrib(ကွက်လပ်)+s(ကွက်လပ်)+h(ကွက်လပ်)+r(ကွက်လပ်)F:\Secret လို့ရိုက်ရပါမယ် ၊ အောက်မှာရေးပြဦးမယ်
Attrib +s +h +r F:\Secret လို့ရိုက်ပြီး Enter ခေါက် ၊ ပျောက်သွားပြီ

4.2) ပြန်ဖေါ်ချင်ပြီဆိုရင် Attrib –s –h –r “path of the folder” လို့ရိုက်ပြီး Enter ခေါက်ပါ ။
အထက်က ဖျောက်ခဲ့တဲ့ folder ကိုပြန်ဖေါ်မယ်ဆိုရင် Attrib –s –h –r F:\Secret လို့ရိုက်ပြီး Enter ခေါက်လိုက် ပြန်ပေါ်လာပါပြီ



သတိထားရမှာတွေက
s,h,r တို့ရဲ့ရှေ့မှာ အနှုတ်လက္ခဏာ minus key ဖြစ်တာကြောင့် Shift နဲ့ တွဲနှိပ်ရတဲ့ underscore မဟုတ်ပါဘူး
Backlash သင်္ကေတဟာ Won key နေရာမှာ ရှိပါတယ် ၊
ကိုယ်ဖျောက်မယ့် / ပြန်ဖေါ်မယ့် folder ရဲ့ နာမည်ကို မေ့လို့မရသလို ဘယ်နေရာမှာ သိမ်းထားတယ်ဆိုတာလည်း မေ့လို့မရပါဘူး
Folder ကို လွယ်တဲ့နေရာမှာပဲထားပါ ၊ ကျွမ်းသွားပြီဆိုရင်တော့ ကြိုက်ရာနေရာမှာထားပါ
အရေးမကြီးတဲ့ folder လေးတွေနဲ့ အစမ်းလေ့ကျင့်ပါ ၊ နည်းနည်းလေ့ကျင့်ပြီးတဲ့အခါ အိုကေသွားမှာပါ ။
အလွယ်မှတ်ချင်ရင် “Attrib s h r path of the folder ဖျောက်ချင် အပေါင်း ၊ ဖေါ်ချင် အနှုတ်” လို့ မှတ်ပါ

Command လေး တစ်ကြောင်းပြောဖို့ ရေးလိုက်ရတာ ဖတ်ဖတ်ကိုမောလို့ ဒါပေမယ့်လည်း အမှတ်မရှိတော့ ရေးချင်နေတာပါပဲ ။ သိတာလေးတွေ သစ်တာလေးတွေ ရေးနေဦးမယ်လေ ။


 http://www.voiceofdaegu.org/2011/11/harddisk.html မှ

0 comments:

Post a Comment

Back to Top