0

မမေ့နိုင်တဲ့ လက်ဆောင် ခရစ္စမတ်ပန်း

မမေ့နိုင်တဲ့ လက်ဆောင်
*********
 

ကျွန်မအဖေဟာ သူငယ်စဉ်ဘဝရဲ့ ၁၅နှစ်လုံးလုံးကို ယူကရိန်းနိုင်ငံမှာ ကုန်လွန်ခဲ့ရပါတယ်။ အဲဒီမှာ နေခဲ့စဉ် သူ့ဘဝရဲ့ ထူးဆန်း အံ့သြဖွယ် အဖြစ်အပျက်အကြောင်းကို အဖေက ကျွန်မတို့ ငယ်စဉ် ကတည်းက ပြောပြခဲ့လို့ အလွတ် ရလောက်အောင် မှတ်မိနေခဲ့ပါတယ်။ အဲဒီ ယူကရိန်းမှာ နေထိုင် စဉ် တစ်ခုသော ခရစ္စမတ်မှာတော့ အဖေရဲ့အစ်ကို နှစ်ယောက်ဟာ မိသားစုအတွက် ခရစ္စမတ် လက်ဆောင်လေး တစ်ခု ယူလာပေးပါတယ်။ အဲဒါလေးကတော့ သံပတ်ပေးလိုက်ရင် သီချင်းသံလေး ထွက်လာတဲ့ ဂျာမန်လုပ် အသံဘူးကလေးတစ်ခုပါ။ သံပတ်လေးပေးလိုက်ရင် Silent Night ဆိုတဲ့ သံစဉ်လေးက သာယာနာပျော်ဖွယ် ကောင်းစွာ အေးအေးငြိမ့်ငြိမ့်လေး ထွက်ပေါ်လာပါတယ်။




ခရစ္စမတ်ပြီးလို့ သိပ်မကြာခင်မှာဘဲ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်လာပါတော့တယ်။ ယူကရိန်းဟာလည်း စစ်ဒဏ်ကို ခံရတဲ့နိုင်ငံတစ်ခု ဖြစ်လာပြီး တိုင်းပြည်တစ်ခုလုံးလည်း မငြိမ်မသက်ဖြစ်နေပါတော့တယ်။ ဒီကြားထဲမှာဘဲ ရုရှတော်လှန်ရေးကြီး ဖြစ်လာပြန်ပါတယ်။ လူထုအုံကြွ တော်လှန်ရေးကြီး ဖြစ်နေချိန်မှာ လူဆိုး၊ သူခိုးများလည်း တိုင်းပြည်အနှံ့ပေါ်ပေါက်လာပြီး အိမ်တွေကို ဝင် ဓားပြတိုက်၊ လုယက်၊ စတဲ့ဖြစ်ရပ်တွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လာပါတယ်။ အကြမ်းဖက် သူတွေဟာ သူတို့ဝင်ရောက် လုယက်တဲ့ အိမ်ထဲမှာ အစားအသောက်တွေ ရှာဖွေလုယက်ပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ယူငင်သွားကြရုံမက မိန်းမတွေရှိရင် အနိုင်ကျင့် အကြမ်းဖက် နှိပ်စက်ပြီး ယောက်ျားတွေကိုတော့ ဖမ်းဆီးပြီး သတ်ပစ်တာမျိုးတွေအထိ သောင်းကျန်းလာကြတော့ လူတိုင်းဟာ ကျီးလန့်စာစားဘဝနဲ့ မိမိအိမ်ထဲမှာဘဲ ရင်တစ်ထိတ်ထိတ်နဲ့ နေနေကြရပါတယ်။ 


အဲဒီလိုနဲ့ ခရစ္စမတ် အကြိုညကို ရောက်လာပါတယ်။ အဖေတို့ဟာ မိသားစုနဲ့အတူ ခရစ္စမတ်အကြိုညကို အိမ်ထဲမှာ တိုးတိုးတိတ်တိတ် ပြင်ဆင်ကျင်းပနေကြပါတယ်။ ခရစ္စမတ်သစ်ပင် ခပ်သေးသေးလေးကို ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဆင်ယင် ခင်းကျင်းထားပြီးတော့ အပင်ရှေ့မှာစုထိုင်လိုက်ကြပြီး အရင်နှစ်က အဖေရဲ့ အစ်ကိုတွေ လက်ဆောင်အဖြစ်ယူလာတဲ့ အသံဗူးလေးကို သံပတ်လေးပေးပြီး ဖွင့်လိုက်ပါတယ်။ ထွက်ပေါ်လာတဲ့ Silent Night သံစဉ်လေးနဲ့အတူ မိသားစုတွေဟာ သီချင်းကို လိုက်ဆိုနေကြပါတယ်။ အဲဒီတုန်းမှာဘဲ အိမ်ရဲ့ တံခါးမကြီးဟာ ဝုန်းခနဲဆို ပွင့်ထွက်သွားပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူရမ်းကားတစ်စု ဝင်ရောက်လာပါတော့တယ်။ 

Silent Night သီချင်းကို ဆိုနေတဲ့ အသံတွေအားလုံး ရုတ်တရက် ရပ်တန့်သွားကြပြီး ဝင်ရောက်လာတဲ့ လူဆိုးတွေကို ထိတ်လန့်တကြား  ကြောင်ပြီး ကြည့်နေမိကြပါတယ်။ မိသားစုဝင်တွေ အားလုံးရဲ့ သီချင်းဆိုသံ ရပ်သွားပေမဲ့ အလယ်မှာ ရှိနေတဲ့ အသံဗူးလေးဆီကတော့ Silent Night တီးလုံးသံလေးက ဆက်လက် ထွက်ပေါ်နေပါတယ်။ ဘယ်သူကမှ လုပ်ရှားဖို့ သတိမရကြဘဲ အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်တော့မှာကို  သိလိုက်ကြတာမို့လည်း ကြောက်မက် ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။ မဖိတ်ခေါ်ဘဲ ရုတ်တရက် ဝင်ရောက်လာတဲ့ လက်နက်ကိုင် လူဆိုးတွေနဲ့ အိမ်သားတွေကြားမှာ ဘယ်သူကမှ ရုတ်တရက် အသံမထွက်လာပေမဲ့ အစောက သံပတ်ပေးဖွင့်ထားခဲ့တဲ့ Silent Night တီးလုံးသံလေးက လွှင့်ပျံထွက်ပေါ်နေပေမဲ့ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဘယ်သူကမှ ပိတ်လိုက်ဖို့လည်း သတိမရခဲ့ကြပါဘူး။

လူဆိုးတွေထံကလည်း အသံမထွက်လာဘဲ တီးလုံးသံလေးထွက်လာရာ အသံဗူးလေးနဲ့ ခရစ္စမတ် သစ်ပင်ကိုကြည့်လိုက် ၊ မိသားစုဝင်တွေကို ကြည့်လိုက်နဲ့ ခေတ္တကြည့်နေပြီးတော့မှ ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ လူဆိုးတစ်ဖွဲ့လုံးဟာ ပြန်လည် ထွက်ခွာသွားကြပြီး တံခါးကို ပြန်ပိတ်ပေးသွားခဲ့ကြပါတယ်။ အိုး တကယ်လဲ အဲဒီအဖြစ်အပျက်ဟာ သိပ်ကို ထူးဆန်းဖွယ်ကောင်းတဲ့ ခရစ္စမတ်အကြိုနေ့ပါဘဲ။ အဖေ့အတွက် တစ်သက်လုံး မမေ့နိုင်စရာ နေ့တစ်နေ့ဖြစ်ခဲ့ရသလို အဖေပြန်ပြောပြလို့ သိလာရတဲ့ ကျွန်မတို့အတွက်လည်း အဖေတို့မိသားစုကို သေတွင်းကနေ ကယ်တင်ခြင်း ခံခဲ့ရတဲ့ အဲဒီနေ့ကို ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အဲဒီအချိန်တုန်းက အဖေတို့မိသားစု ခရစ္စမတ်အကြိုနေ့မှာ ဖွင့်ခဲ့တဲ့ အသံဗူးလေးဟာ ခုဆိုရင် ကျွန်မရဲ့ လက်ထဲမှာ ရောက်နေပါပြီ။ ကျွန်မတို့ မိသားစုရဲ့ အမှတ်တရ ပစ္စည်းလည်း ဖြစ်တာကြောင့် အမြတ်တနိုး သိမ်းဆည်းထားခဲ့ကြတာမို့ ဒီဗူး ကလေးဟာ ဟောင်းနွမ်း လို့ နေပေမဲ့ ခုချိန်ထိ အသံကောင်းကောင်း ထွက်ပါသေးတယ်။ အထဲက စက် ကိရိယာတွေ မပျက်စီးသေးပါဘူး။ ကျွန်မတို့ မိသားစုအတွက်တော့ ဒီအသံဗူးလေးဟာ အလွန်တန်ဖိုး ကြီးမားလှတဲ့ ခရစ္စမတ် လက်ဆောင်လေးတစ်ခုဘဲ မဟုတ်ပါလား။

Katherine Kehler  ရဲ့ An Awesome Christmas Eve ကို ဘာသာပြန်ပါသည်။ 

              **************************@@@******************************



ခရစ္စမတ်ပန်း


Image Hosted by PicturePush - Photo Sharing

 ခရစ္စမတ်ပန်း( Poinsettia)


နိုင်ငံ အသီးသီးကလူတွေဟာ ခရစ္စမတ်ရောက်တော့မှာမို့ ရက်ရှည် အားလပ်ရက်တွေ၊ ခွင့်ရက်တွေ၊ ဘောနပ်စ်တွေ ရပြီး ပျော်တဲ့ သူတွေက ပျော်၊ ခရီးထွက်တဲ့သူတွေက ထွက်နဲ့ လူတိုင်းလူတိုင်း စိတ် လှုပ်ရှားနေကြတာ ကြည့်ရတာနဲ့တင် ပျော်ရွှင်ကြည်နူးဖို့ ကောင်းပါတယ်နော်။ ဒီလို ခရစ္စမတ်ကာလမှာ ခရစ္စမတ်နဲ့ ဆိုင်တဲ့ ပန်းတစ်မျိုးအကြောင်း ပြောပြ ချင်ပါတယ်။ ခုလို ရာသီချိန်ခါ မှာတော့ နေရာအနှံ့မှာ ထင်ထင်ရှားရှား တွေ့ရတဲ့ ပန်းတစ်မျိုးကတော့ ရဲရဲနီတဲ့ အရောင် အဆင်းနဲ့ နေရာတိုင်းမှာ တွေ့ရပြီဖြစ်တဲ့ ခရစ္စမတ်ပန်းဖြစ်ပါတယ်။ အခြား ဘယ်လိုနာမည်မျိုး ရှိသေးလဲမသိပေမဲ့ ကျွန်မတို့ကတော့ ခရစ္စမတ်ရာသီမှာ အစွမ်းကုန် နီရဲတောက်ပနေလို့ အဲဒီပန်းကို ခရစ္စမတ် ပန်းလို့ဘဲ ခေါ်ပါတယ်။ အခြားအမည်များ ရှိရင် ကော်မန့်မှာ ရေးသွားပေးလို့ ရပါတယ်နော်။ ပြီးတော့လည်း ခရစ္စမတ်ကျင်းပတဲ့ အခမ်းအနားတွေမှာ မပါမပြီးတဲ့ ပန်းလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လို Poinsettia လို့ ခေါ်တဲ့ ခရစ္စမတ်ပန်းပင်ဟာ တကယ်တမ်းတော့ နီရဲနေတဲ့အပိုင်းဟာ အပွင့် မဟုတ်ဘဲ အရွက်တွေသာ ဖြစ်ပါတယ်။ 


အပင်ကြီးမဟုတ်ဘဲ ခပ်နိမ့်နိမ့် အပင်မျိုးဖြစ်တဲ့ ခရစ္စမတ်ပန်းပင်ဟာ အမြင့် ၂ပေကနေ ၁၆ပေထိ မြင့်နိုင်ပါတယ်။ အရွက်ဟာ အနည်းငယ် ရှည်သော အမျိုးအစားဖြစ်ပြီး ၃လက်မကနေ ၆လက်မ အထိရှည်ပြီး အစိမ်းရင့်ရောင် ရှိပါတယ်။ ဒီဇင်ဘာလလို ဆောင်းရာသီမျိုးမှာ ထိပ်ဖျားပိုင်း အရွက်နုတွေဟာ ရဲရဲနီလာတတ်ပြီး အများအားဖြင့် အနီရဲရဲရောင်သာ ဖြစ်သော်လည်း လိမ္မော်ရောင်၊ အစိမ်းဖျော့ရောင်၊ ခရင်မ်ရောင်၊ ပန်းနုရောင်၊ အဖြူရောင် တို့ကိုလည်း တွေ့ရတတ်ပါတယ်။ အပင်ရဲ့ မူလ အရွက်စိမ်းနဲ့ မတူတော့တဲ့ အရောင်တွေကြားမှာ အပွင့်သေးသေး ဝါဝါလေးများကို မထင်မရှား တွေ့ရနိုင်ပါတယ်။ ခရစ္စမတ်ပန်းပင်ရဲ့ မူလဇာတိဟာ မက္ကဆီကိုဖြစ်ပြီး သဘာဝပေါက်ပင်အဖြစ် ပေါများစွာ တွေ့ရသော်လည်း ယခုခေတ် အခါမှာတော့ နေအိမ်များ၊ ပန်းခြံများ၊ ဟိုတယ်နဲ့ ဧည့်ခမ်းဆောင်များ၊ ဥယျာဉ်ခြံကြီးများမှာ အလှပင်အဖြစ် အမြတ်တနိုး စိုက်ပျိုးလာကြသလို ခရစ္စမတ်ရာသီနဲ့ တိုက်ဆိုင်တဲ့အတွက်လည်း ခရစ္စမတ်ပွဲများ ကျင်းပရာမှာလည်း အလှဆင် ထည့်သွင်းကြပါတယ်။



poinsettias



poinsettias

အရောင်စုံခရစ္စမတ်ပန်းပင်များ

photo

 အစိမ်းဖျော့



poinsettias
 ပန်းရောင်


poinsettias
အများဆုံးတွေ့ရတဲ့ အနီရောင် 


poinsettias
ဖြူနီ အရောင်စပ်ကြား

http://0.tqn.com/d/poolandpatio/1/0/5/_/-/-/orangies.jpg
လိမ္မော်


poinsettias



Image Hosted by PicturePush - Photo Sharing

အဖြူရောင်(ခရင်မ်ရောင်)



photo

ခရစ္စမတ်မှာထွန်းညှိတဲ့ ခရစ္စမတ်ပန်းပုံ မီးလုံးများ
Image Hosted by PicturePush - Photo Sharing
ခရစ္စမတ်ကဒ်


 
မက္ကဆီကိုနိုင်ငံနဲ့ ဂွာတီမာလာ တို့မှာတော့ Noche Buena ရယ်လို့ လူသိများပြီး ခရစ္စမတ်အကြို ညနေခင်း လို့ အဓိပ္ပါယ်ရပါတယ်။ စပိန်နိုင်ငံမှာတော့ Floe de Pascua လို့ခေါ်ပြီး အီစတာပန်းလို့ အဓိပ္ပါယ်ရပါတယ်။ ချီလီနဲ့ ပီရူးမှာတော့ Crown of the Andes ပန်းလို့ လူသိများပါတယ်။ အမေရိကားကိုတော့ ၁၈၂၅ခုနှစ်မှသာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မက္ကဆီကိုဆိုင်ရာ ပထမဦးဆုံး သံအမတ် ဖြစ်သူ Joel Robert Poinsette  က မက္ကဆီကိုမှာ တာဝန်ကျချိန်မှာ အမေရိကန်မှာ မရှိတဲ့ ဒီပန်းမျိုးတွေကို အမေရိကားသို့ ပို့ဆောင်ပေးလိုက်တဲ့အတွက် ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ် စကားပြောနိုင်ငံတွေကတော့ ဒီပန်းကို သူ့အမည်ဖြစ်တဲ့ Poinsetteလို့ ခေါ်ဆိုခဲ့ကြပါတယ်။  ဒီပန်းကို ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ ပန်းလို့ သတ်မှတ်ခဲ့တာကတော့ ၁၆ရာစုကနေ စတင်ခဲ့ပါတယ်။ ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ ပိုစ့်ကဒ်တွေမှာပါ မပါမပြီး ပါဝင်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ မျိုးပွားစိုက်ပျိုးထားတဲ့ ခရစ္စမတ်ပန်းပင် အမျိုးအစား တစ်ရာကျော်ခန့်ကို အမျိုးမျိုးသော အရောင်များဖြင့် ဒေသ အသီးသီးမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။


ချစ်သော မိတ်ဆွေများအားလုံး ခရစ္စမတ်အားလပ်ရက်များမှာ ပျော်ရွှင်အေးချမ်း ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing

0 comments:

Post a Comment

Back to Top